"ဆင်ချည်ကြိုး"
**စံ(ဘူမိဗေဒ)**
ကျွန်တော်၏ သူငယ်ချင်းတစ်ဦး သည်ဆင်များကို ချည်နှောင်ထားသော နေရာတစ်နေရာကို ဖြတ်၍ လမ်းလျောက်သွားသည်။
ကျော်သွားပြီးမှ တစုံတခုကို စဉ်းစားမိဟန်ဖြင့် ပြန်လှည့်လာသည်၊ ဆင်၏ခြေထောက်များကို သေချာစွာအထပ်ထပ်ကြည့်မိသည်၊ ရှေ့ခြေထောက်များကို ချည်နှောင်ထားသော ကြိုးများမှာ
ဆင်တို့၏အရွယ်နှင့်ပင် မလိုက်အောင် သေးငယ်နေသည်။ သေချာသည်မှာ ဆင်များ အနည်းငယ် အားစိုက်ရုံးကန်လိုက်ရုံဖြင့် ဤကြိုးသေးသေးလေးများမှာ ပြတ်ထွက်သွားနိင်သည်၊
သို့သော် ရုန်းထွက်ကြည့်ခဲ့ဟန်မပေါ်၊ ရုန်းထွက်နိုင်သည်ဟု သိပုံလည်းမရ၊
အလိုက်သင့်ပင် ဆင်များ၏ ဘေးတွင်ရှိနေသောဆင်းထိန်းကို သူကမေး
ကြည့်မိလိုက်သည်၊ ဆင်များသည် သူတို့ကိုသေးငယ်သောကြိုးသေးသေးဖြင့် ချည်နှောင်ထားသည်အ
ဘယ်ကြောင့် ရုံးမထွက်ရသနည်းဟု မေးခြင်းဖြစ်သည်၊
ထိုအခါ ဆင်ထိန်းက ပထမ အချက်မှာဤဆင်များသည် ဆင်လိမ္မာများဖြစ်သဖြင့် ထားရာနေ စေရာသွားဖြစ်သည်၊ ဒုတိယအချက်က ပိုမို
အရေးကြီးသည်၊ ဆင်များကို ငယ်ငယ်ကတည်းက
ဤအရွယ်ကြိုးငယ်များဖြင့်သာ တုတ်နှောင်လာသည်။
အစပထမတွင် သူတို့ရုံးကန်ခဲ့ကြသော်လည်း ရုံးထွက်၍ မရဟူသော အစွဲဝင်သွားသောအခါ မရုံးကန်ကြတော့ပေ၊ တနည်းဆိုသော်
ဆင်များသည် အမှတ်သညာကြီးသော သတ္တဝါများဖြစ်သည့်အလျောက် အရွယ်ကြီးမားလာပြီး ရုံးကန်နိုင်သော အခြေအနေရှိသော်လည်း စနစ်တကျ ပုံစံပေး ခံထားရသဖြင့် မရုန်းကန်ကြတော့ပေ၊ ဟုရှင်းပြသည်၊
ဆင်များ၏ ဥပမာကိုယူ၍ ကျွန်တော်တို့သည်လည်းဘဝတွင် တစ်ခါနှစ်ခါမျှ ရှုံးနိမ့်ရုံဖြင့် နောင်အောင်မြင်တော့မည် မဟုတ် ဟူသောအစွဲများ၊ စိတ်နေစိတ်ထားများ (ဆင်ချည်ကြိုးများ) မှ သတိပြု၍
ရုန်းထွက်ကြရပေမည်။
မောင်သုည
"ဆင်ချည်ကြိုး"
Friday, April 24, 2015
Posted by
မောင်သုည
at
9:45 AM

- Two clicks for more privacy: The Facebook Like button will be enabled once you click here. Activating the button already sends data to Facebook – see i.not connected to Facebook
- Two clicks for more privacy: The Google+ button will be enabled once you click here. Activating the button already sends data to Google – see i.not connected to Google+
- Two clicks for more privacy: The Tweet this button will be enabled once you click here. Activating the button already sends data to Twitter – see i.not connected to Twitter
Labels:
သုတရသစာပေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment