Pages

Showing posts with label About Android. Show all posts
Showing posts with label About Android. Show all posts

ANDROID ဖုန်းေ လး လံနှေးကွေး ရခြင်း အကြောင်း အရင်းများ

Sunday, May 3, 2015

မင်္ဂလာပါ...

 Memory Stroage အကြောင်းလေးကိုပြောပြချင်ပါတယ်။ Memory stroage လို့ပြောလိုက်ရင် အရင်ဆုံးအလွယ်ပြေးမြင်လို့ရတာ SD Card ပါ ။ တကယ်တော့ SD Card ဆိုတာ MemoryStroageလို့ပြောလို့ရပေမဲ့ ဖုန်းရဲ့ ROM ပိုင်း System ပိုင်းတွေနဲ့တိုက်ရိုက်သက်ဆိုင်ခြင်း မရှိပါဘူး။ အပိုထည့်သွင်းထားတဲ့ အပိုင်းပဲဖြစ်ပါတယ်။ ပိုပြီးမြင်သာသွားအော င်ပြော ရရင် SD Card မပါလဲ ဖုန်းဟာဆက်ပြီးအလုပ်လုပ်နေဦးမှာဖြစ်ပါတယ်။ ကျွန်တော်တို့အခုလက်ရှိသုံးနေကြတဲ့ဖုန်းတွေဟာ ဖုန်း ထုတ်လုပ်တည်းကပါတဲ့ Bulit in memory ပါဝင်ပါတယ်။ အဲဒီ Build in memoryပေါ်မှာသာ ROM ကိုတင်ပြီးအသုံးပြုနေရခြင်းဖြစ်ပါတယ်။


များသောအားဖြင့် ဖုန်းဝယ်သူတော်တော်များများဟာ SD Card ဘယ်လောက်စိုက်လို့ရလဲဘယ်လောက်ပါလဲဆိုတာကိုပဲ ကြည့်လေ့ရှိကြပါတယ်။ Build in memory ဘယ်လောက်ပါလဲဆို တာကိုကြည့်လေ့မရှိကြပါဘူး။

အိုကေ .. ဒီတော့ အဲဒီ Build in memory ပေါ်မှာ ROM တင်ထားတာဖြစ်တယ်ဆိုတာသိရင်
ဖုန်း ဘာကြောင့်လေးရလဲဆိုတာကိုအလွယ်ပြောလို့ရပါပြီ ၊ အဲဒီ Build in memory ပြည့်လု နီးနီးဖြစ်သွားတာ (သို့) အဲဒီထဲက File တွေ ရုပ်ထွေးနေတာလို့ပြောရင်ရပါပြီ ၊ ဥပမာ Build in memory 1GB ပါတဲ့ ဖုန်းကိုဝယ်လိုက်တယ်ဆိုပါစို့ ၊ တင်ထားတဲ့ ROM ကတ၀က်ေ ကျာ်ကျော်လောက် ကိုကျိမ်းသေနေ ရာယူပါ တယ် ၊ ပြောရရင် ဖုန်းရဲ့Build in memory က ၀ယ်ကတည်းက တ၀က်ကျော်ကျော်သုံးထားပြီးသားဖြစ်ပါ တယ်။ အဲဒီနောက်မှာ ဆက်ပြီး သုံးမယ်ဆိုပြည့်ပြည့်သွားခြင်း ရုပ်ထွေးခြင်းတွေဖြစ်သွားတဲ့အတွက် ဖုန်းတွေလေးလံနှေးကွေးရခြင်းဖြစ်ပါတယ်။

နောက်ထပ်ဖြစ်လာမဲ့ မေးခွန်းတစ်ခုကတော့ ဘာကြောင့် Built in memory ကပြည့်သွားရတာလဲ ဆို တာပါ ... ဒါကတော့ အမျိုးမျိုးဖြစ်နိုင်ပေမဲ့ အကြမ်းဖြင့်အားဖြင့်အောက်ပါအချက် များကြောင့် အဖြစ် များလေ့ရှိပါတယ် -

၁)
Application တွေခဏခဏတင်ခြင်း၊ ဖျက်ခြင်းBuilt in memory ထဲမှာ သိုလှောင်ထားတဲ့ အပိုင်းမှာ App တွေတင်ရင်ကိုယ်မသိလိုက်ဘဲအလိုလျောက်နောက်ကွယ် Build in memory ထဲမှာ Data File တွေဖွင့် သွားတတ်ပါတယ်။ တစ်ချို့ App တွေဆိုရင် Uninstall ပြန်လုပ်ပေမယ်လည်းဆက်ပြီးတော့ Data တွေ ကျန်ခဲ့တာမျိုးရှိပါတယ်။ (SD Card ထဲကို Install လုပ်ထားတဲ့ App တွေဆိုရင်တော့ ပြသနာရှိမှာ မဟုတ်ပါဘူး)

၂) Game ဆော့များခြင်း
ကိုယ်ရဲ့ဆော့လက်စဂိမ်းတွေက ဘယ်အခန်းရောက်ပြီ၊ ဘယ်အချိန်ကနောက်ဆုံးဆော့ထားတာစတဲ့ အချက် အလက်တွေကို ဘယ်နေရာမှာသိမ်းထားတယ်ထင်လဲ ?? စဉ်းစားကြည့်လိုက်ပါ Game တစ်ခုကို ထည့်ရင်1MB ရှိတယ်ဆိုပါစို့၊ ဒါဟာ လုံးဝမဆော့ရသေးခင်အချိန်မှာပါ ၊ ဆော့ပြီးသွားရင်တော့ ဆော့လက် စ အခန်းတွေ ပုံတွေဒါတွေကိုသက်သက်သိမ်းထားရတဲ့ Data File တွေထပ်တိုးလာပါ တယ်။ ဒါကြောင့် Built in memory မှာပိုများပြီးကျပ်ညပ်လာတတ်တာမျိုးလဲဖြစ်တတ်ပါတယ်။

၃) SD Card မသုံးခြင်း
အပေါ်ကအချက်တွေကိုဖြေရှင်းမဲ့နည်းကတော့ SD Card သုံးထားရင်သက်သာစေပါတယ် ၊ မိမိဆော့တဲ့ Game File တွေ တင်ထားတဲ့ Appေ တွစသည့် Data တွေကို SD Card ထဲမှာရွေ့ပြီးသိမ်းလိုက်မယ်ဆိုရင် Built in memory အသုံးပြုခြင်းလျော့နည်းစေမှာဖြစ်ပါတယ်။ ဒါမဲ့တစ်ချို့ App တွေဟာ Built in memory ကလွဲရင် SD Card ထဲကို ရွေ့ပြောင်းခြင်းခွင့်မပြုပါဘူး၊

ဒါကြောင့် အတိုချုံ့းပြီးပြောရရင် .. SD Card ထဲကို App တွေ Gameေ တွကိုစကတည်း Install လုပ်ထားသင့်ပါတယ်။

ဒီတော့ နောက်ဆုံးအဲလိုဖြစ်လာပြီ လေးလာပြီနှေးလာပြီဆိုရင်မိမိဖုန်းကိုဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိက အချက်ပါ .................

၁)အဲလိုလေးလံလာရင် မိမိဖုန်းရဲ့ Build in memory ဘယ်လောက်ကျန်သေးလဲဆိုတာကိုအရင် ၀င်စစ်ကြည့်ပါ .. App ထဲမှာ MB အများဆုံးတွေကို Clear Cache လုပ်ပါ

၂) တစ်ခုခြင်းရှင်းတာတောင်းမရတော့ဘူးဆိုရင်တော့ နောက်ဆုံးဘာလုပ်လို့ရနိုင်မလဲ ဆိုတာ ကရိုးရှင်းပါတယ် Factory Restart ချလိုက်ရုံပါပဲ ... Setting ထဲက Backup & Reset အောက် မှာဝင်ပြီး Factory data reset ချလိုက်ရင်ဖုန်းက ၀ယ်လာတဲ့အတိုင်းပြန်ဖြစ်သွားပြီး Built in memory ထဲက Data တွေအကုန်ရှင်းသွားပါလိမ့်မယ် ... ဒါမဲ့ ကြိုတင်သိထားရမှာက တင်ထား သမျှဂိမ်းတွေနဲ့ App တွေ Contact List တွေ SD Card ထဲကမဟုတ်တာမှန်သမျှအကုန် ကုန်ပါလိမ့်မယ် ...

ဒီလိုမကုန်အောင်ဘယ်လို Backup ဆွဲထားမလဲ ဆိုတာကတော့မိမိအိမ်မှာ Computer နဲ့ဆိုရင်တော့ ပိုပြီး အဆင်ပြေနိုင်ပေမဲ့ဖုန်းထဲမှာတော့ ခက်ခဲပါလိမ့်မယ် .. လုပ်ဆောင်ရမှာက ရှိသမျှ လိုသမျှတွေ Backup ဆွဲမယ် ပြီးရင် Factory data reset ချမယ် ပြီးရင် Backup လုပ်ထားတဲ့ဟာတွေကို Restore ပြန်ခေါ်လိုက် ရင်အဆင်ပြေပါပြီ ..
mr.phyo မှပြန်လည်မျှဝေသည်။.

အဆင်ပြေနိုင်ကြပါစေ
Read more ...

Google Chrome သုံးစွဲသူတွေအတွက် အသုံးဝင်မယ့် အချက် (၁၀) ချက်

Sunday, February 22, 2015


Google Chrome သုံးစွဲသူတွေအတွက် အသုံးဝင်မယ့် အချက် (၁၀) ချက်
============================================

Statcounter ရဲ့တွက်ချက်မှုအရ ၂၀၁၄ ခုနှစ်မှာအသုံးအများဆုံး Browser ဟာ Google Chrome ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အမြန်နှုန်း၊ ရိုးရှင်းမှုနဲ့လုံခြုံရေး Feature တွေကြောင့်သုံးစွဲသူတွေများပြားလာခဲ့ရတာပါ။ ဒါ့အပြင်သင့်ရဲ့Chrome Browser ဟာ အင်တာနက်ဝက်ဆိုက်တွေကိုလည်ပတ်ဖို့ထက်ပိုပြီးအသုံးဝင်ပါသေးတယ်။ အခုသူ့ရဲ့စမတ်ကျတဲ့လုပ်ဆောင်ရည်တွေကိုဖော်ပြသွားမှာ ဖြစ်ပါတယ်။

01. Sign-in with multiple accounts
Google အကောင့်ခွဲတွေရှိတဲ့သူတွေအတွက် ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာအကောင့်၊ အလုပ်အတွက်အကောင့်စသဖြင့်ခွဲခြား ထားနိုင်ပါတယ်။ ဒါပေမယ့်အကောင့်တစ်ခုကိုသုံးချင်ရင် လက်ရှိအကောင့်ကို sign out လုပ်ပြီးမှသုံးရတာက အချိန်ကြာပြီး လက်ဝင်စေ တယ်။ Chrome ဟာဒီပြဿနာကိုဖြေရှင်းပေးနိုင်ပြီးတစ်ခုထက်ပိုတဲ့အကောင့်တွေတပြိုင်ထဲ sign in ပြုလုပ်ထားနိုင်တဲ့အတွက် Gmail နဲ့ Google Drive လိုဝန်ဆောင်မှုတွေကို တစ်ခုထက်ပိုတဲ့အကောင့်တွေနဲ့ switch လုပ်ပြီးအသုံးပြုနိုင်မှာပါ။

02. Install apps for use offline
Windows နဲ့ OS X ပလက်ဖောင်းတွေလိုပဲ Chrome browser မှာလဲသီးသန့် app တွေကို install လုပ်နိုင်တယ်။ တစ်ချို့က ရှိပြီးသားဝက်ဘ်ဆိုက်ကို Launch လုပ်ပေးသလို တစ်ချို့ကတော့ Chrome ပေါ်မှာသီးသန့်လုပ်ဆောင်တဲ့ app တွေဖြစ်တယ်။ App အရေအတွက်တိုးပွားလာတာနဲ့အမျှ Offline အသုံးပြုနိုင်တဲ့ Tools တွေပါပါဝင်လာတာကိုတွေ့ရမှာပါ။ Chrome Store ကနေ offline app တွေကိုသွင်းထားပြီး Desktop ပေါ်က Chrome app launcherသို့မဟုတ်Chrome browser ကနေအသုံးပြုနိုင်တယ်။ စိတ်ဝင်စား စရာဂိမ်းတွေကိုလဲ မြင်တွေ့ရမှာပါ။

03. Manage Chrome Processes
Chrome browser ကိုအသုံးပြုနေရင်းနဲ့ Shift + Esc ကိုနှိပ်လိုက်ရင် လက်ရှိ Chrome မှာ run နေတဲ့ process တွေရဲ့ စာရင်းကို ပြသပေးမှာဖြစ်ပြီး ဖွင့်ထားတဲ့ Tabs, extensions နဲ့ app တွေအပါအဝင်ဖြစ်ပါတယ်။ process တစ်ခုစီရဲ့ memory, CPU, Network usage တွေကိုလဲပြသထားမှာပါ။ လေးလံနှေးကွေးနေတယ်လို့ခံစားရရင် Chrome task manager ရဲ့အောက်မှာပါတဲ့ button ကနေပိတ်ပစ်နိုင်ပါတယ်။

04. Use Chrome as a notepad
ဒီတစ်ခုကတော့ Chrome တွက်သီးသန့်မဟုတ်ပဲအခြား HTML-5 ရနိုင်တဲ့ browser တွေမှာလဲသုံးနိုင်တယ်။ အသုံးဝင်တဲ့ feature တစ်ခုဖြစ်ပြီး ကိုယ့်ရဲ့ browser ကို notepad တစ်ခုလိုစာရေးသားနိုင်စေတယ်။
တခြား style နဲ့ feature တွေလဲရှိပြီးသင့်ရဲ့စိတ်ကြိုက် search engine ထဲမှာ “contenteditable” နဲ့ “notepads” လို့ရိုက်ပြီး ရှာဖွေနိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ပုံစံနဲ့တစ်ခုကိုတွေ့တာနဲ့ page ကို bookmark ထားပြီး chrome ကိုစွန့်ခွာစရာမလိုပဲနဲ့ notepad တစ်ခုအမြန်ဖွင့်နိုင်ပါတယ်။ ဒါဟာ ဖုန်းခေါ်ဆိုနေတုန်းအမြန်မှတ်သားထားဖို့လိုတဲ့အချိန် စတာတွေမှာအသုံးဝင်ပြီးမှတ်ထားတဲ့စာတွေကို HTML file အနေနဲ့ save ထားနိုင်ပြီး လိုတဲ့အချိန်မှာပြန်လည်ရယူနိုင်ပါတယ်။

05. Voice Search
စာရိုက်ဖို့ထက်စကားပြောဖို့ကိုပိုအားသန်တဲ့လူတွေအတွက်Chrome browser မှာအသံနဲ့ရှာဖွေနိုင်တဲ့Feature ပါဝင်ပါတယ်။ Voice Search ကိုသွားချင်ရင် Google Search စာမျက်နှာကိုသွားပြီး search box ရဲ့ထောင့်က မိုက်ကရိုဖုန်းပုံစံခလုတ်လေးကို နှိပ်လိုက်ရုံပါပဲ။ ထောက်ပံ့ပေးတဲ့ဘာသာစကားတွေအတွက် browser setting ကိုသွားပြီး OK Google search command ကို enable လုပ်ပါ။ ဒါဟာ Google search သို့မဟုတ် tab အသစ်တွေမှာ voice search ကိုချက်ချင်းထွက်ပေါ်လာစေတဲ့ အမိန့်စကားတစ်ခု ဖြစ်ပါတယ်။
Voice search အများစုဟာသုံးစွဲသူကို result စာရင်းကိုပြသလေ့ရှိပေမယ့် Chrome Browser ကတော့သင့်ရဲ့အဖြေကို ပြန်လည်ပြောဆိုမှာဖြစ်ပါတယ်။

06. Access another computer’s desktop
တကယ်လို့နေရာမတူတဲ့ကွန်ပြူတာတွေကို တပြိုင်ထဲအသုံးပြုနေတာ ဒါမှမဟုတ် နည်းပညာနဲ့သိပ်မကျွမ်းဝင်တဲ့လူကိုအမြဲ ကူညီနေရတာမျိုးဆိုရင်တော့ Remote Desktop Tool ဟာအလွန်အသုံးဝင်မှာပါ။ ၄င်းကသုံးစွဲသူကိုမတူညီတဲ့နေရာတစ်ခုက အခြား ကွန်ပြူတာတစ်လုံးကိုချိတ်ဆက်ပေးစေနိုင်သလို remote helper ကနေသင့်ရဲ့ကွန်ပြူတာကိုထိန်းချုပ်နိုင်စေတယ်။
Chrome Remote Desktop app ကိုထည့်သွင်းထားခြင်းဖြင့် Chrome Browser ကိုသုံးပြီးအခုလိုပြုလုပ်နိုင်မှာပါ။ ဒီ app ကို ကွန်ပြူတာနှစ်ခုလုံးမှာထည့်ထားရမှာဖြစ်ပြီး ကိုယ့်ရဲ့ Desktop ကိုသူများနဲ့ဝေမျှသုံးချင်တဲ့သူက share ခလုတ်ကိုနှိပ်ပြီး code တစ်ခု ရယူရမှာပါ။ ဒီကုဒ်နံပါတ်ကနေသူတို့ရဲ့ကွန်ပြူတာကို ကူညီမယ့်လူက ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ သင့်ရဲ့ကိုယ်ပိုင်ကွန်ပြူတာတွေကို app ထဲမှာထည့်ထားနိုင်ပြီး code နံပါတ်မလိုပဲနဲ့လဲ access လုပ်နိုင်မှာဖြစ်ပါတယ်။

07. Search specific sites from the Omnibar
Chrome Browser ရဲ့Omnibar ကနေဝက်ဆိုက်တွေကိုရှာဖွေနိုင်တယ်။ Chrome ရဲ့ Address bar သို့ Omnibar မှာ ရှာဖွေလိုတဲ့အရာကိုတိုက်ရိုက် Type ပြီးရှာဖွေနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Gmail ထဲမှာရှိတဲ့အီးမေးလ်တစ်စောင် ဒါမှမဟုတ် Google Drive ထဲကဖိုင်တစ်ခုစတာတွေကိုလဲအလားတူရှာဖွေနိုင်မှာဖြစ်ပါတယ်။ settings ထဲက Search heading ထဲမှာ Manage search engines ကိုရွေးချယ်ပါ။ အဲ့ဒီ Chrome နဲ့ရင်းနှီးပြီးဖြစ်တဲ့ search engine တွေကိုတွေ့ရမှာဖြစ်ပြီး ရှိပြီးသားကို edit လုပ်နိုင်သလို အသစ်တစ်ခုကိုလဲ add နိုင်ပါတယ်။
Entry တစ်ခုလုပ်ဖို့ဆိုရင် ရှိပြီးသားဝက်ဆိုက်ရဲ့ keyword ကိုရိုးရှင်းစွာပြောင်းလဲပြီး Trigger လုပ်နိုင်သလို မရှိသေးရင်တော့ ဆိုက်ရဲ့နာမည်နဲ့ URL ကိုထည့်ထားရမှာပါ။ ပြီးတာနဲ့ရွေးချယ်ထားတဲ့ keyword ကို Omnibar မှာရိုက်ပြီး Tab ကီးကိုနှိပ်လိုက်ရင် noti တစ်ခုပေါ်လာမှာပါ။

08. Generate new passwords on sign-up pages
Chrome browser ဟာဝန်ဆောင်မှုအသစ်တွေအတွက် passwords တွေကို generate လုပ်ပေးနိုင်ပါတယ်။ ဝက်ဆိုက်တစ်ခုစီ အတွက် စကားဝှက်အသစ်အသုံးပြုဖို့စဉ်းစားနေရပါသလား။ Chrome ကသင့်အတွက်စဉ်းစားပေးမှာပါ။ ဒါဟာလက်ရှိစမ်းသပ်ဆဲ feature တစ်ခုဖြစ်ပြီးဒါကို activate လုပ်ဖို့အတွက် address bar ထဲမှာ about:flags ဆိုတာကိုရိုက်ထည့်ပါ။ option ထဲမှာ “Enable password generation” ကိုရွေးချယ်ပြီးရင် chrome browser ကို restart လုပ်လိုက်ပါ။
ပြီးသွားတာနဲ့ Chrome browser ဟာ သင်အသုံးပြုလိုတဲ့ ဝက်ဆိုက်တိုင်းရဲ့account creation page တွေကိုသိရှိမှတ်သား ထားနိုင်ပြီ ဖြစ်ပါတယ်။ သင်ဟာ Register form ကိုပုံမှန်အတိုင်းအချက်အလက်တွေဖြည့်ပါ။ ပြီးရင် choose password box ကို click လိုက်ရုံပါပဲ။ noti အသေးလေးတစ်ခုဟာ သင့်အတွက်အကြံပေးထားတဲ့ password တစ်ခုနဲ့အတူပေါ်လာမှာဖြစ်ပြီး အဲ့ဒါကိုသုံးမလား၊ ကိုယ်ပိုင်နောက်တစ်ခုလုပ်မလားဆိုတာကိုလဲရွေးချယ်နိုင်ပါတယ်။

09. View a website as a mobile device
Chrome browser ဟာသုံးစွဲသူတွေကို ဝက်ဆိုက်တစ်ခုရဲ့မိုဘိုင်းဗားရှင်းကိုပါကြည့်ရှုနိုင်စေပါတယ်။ ဒါဟာ web developer တွေအတွက် အသုံးဝင်တဲ့အချက်တစ်ခုဖြစ်ပြီး အသုံးပြုဖို့အတွက်ဆိုရင် F12 ကိုနှိပ်ပြီး browser ရဲ့ developer tool ကိုသွားဖို့ လိုအပ် ပါတယ်။ Loading ပြီးတာနဲ့ ဖုန်းပုံစံ Icon လေးကို click နှိပ်ပြီး drop-down menu ကနေ device-type ကိုရွေးချယ်လိုက်ပါ။

10. Pin tabs to the browser
သင်တစ်ချိန်လုံးဖွင့်ထားချင်တဲ့ဝက်ဘ်ဆိုက်တွေရှိနေမယ်ဆိုရင် ၄င်းတို့ကိုအခါခါ address bar ထဲမှာရိုက်ထည့်နေရမယ့် ပြဿနာကို Chrome ကဖြေရှင်းပေးနိုင်တယ်။ browser မှာ Pin လုပ်ထားချင်တဲ့ tab ကို right-click နှိပ်ပြီးရွေးချယ်ရမှာပါ။
Tab ရဲ့အရွယ်အစားဟာအလွန်သေးငယ်သွားမှာဖြစ်ပြီး tab တွေအားလုံးရဲ့ဘယ်ဘက်ထောင့်ဆုံးကိုရောက်သွားမှာပါ။ tab တွေကိုပြန်ပိတ်ဖို့ဆိုရင် browser ကို restart လုပ်ပြီးရင်တောင်မှ အဲ့ဒီ tab ကိုပြန်ဖွင့်ပြီးမှပိတ်နိုင်မှာပါ။ tab ကို right-click နှိပ်ပြီးတော့ လဲ unpin လုပ်နိုင်ပါတယ်။

Credit : Mobile Informer

Read more ...

Android Device Technology Guide (မြန်မာဘာသာပြန်စာအုပ်) ♫♫

Wednesday, November 5, 2014

မင်္ဂလာပါ....

Android ဖုန်းသုံးသူတွေအတွက် Setting ပိုင်းကို အသေးစိတ်ရေးသား ထားတဲ့ စာအုပ်လေး တအုပ် Android အသုံးပြုသူတိုင်းဖတ်ရှုနိုင်ဖို့ မျှဝေလိုက်ပါတယ်။ အရေးပါတဲ့ မသိမဖြစ်သိရမယ့် Setting ပိုင်းတွေကိုလည်း အကြောင်းရာ တစ်ခုချင်းပုံနှင်တကွရှင်းပြထားတာမို့  ဖုန်းစတင်သုံးစွဲသူတွေ ဖုန်းကိုင် ခါစသူတွေဖတ်သင့်လေ့လာသင့်တဲ့ စာအုပ်တစ်အုပ်ပါ ။ ဖုန်းအမျိုးစား မတူသော်လည်း Android OS သုံးထားတဲ့ ဖုန်းတွေ Tablet ,Note တွေမှာ Setting ပိုင်း သိပ်ပြီး ကွဲပြားမှုမရှိပါဘူး။ ပြုပြင်ပုံနဲ့  အသုံးချပုံတူကြပါတယ် ။ Samsung ပဲသုံးသုံး ၊ HTC ပဲသုံးသုံး ၊ Huawei, Sony, LG, Motorola-စသဖြင့် Android Os တင်ထားတဲ့ ဖုန်းတိုင်းအတွက် အရေးပါအရာေ၇ာက်တဲ့ သိသင့်သိထိုက်သည်များကို အသေးစိတ်အခြေခံကျကျ ရေးပြပီးပုံတွေနဲ့ ရှင်းထားတာကိုတွေ့ ရပါတယ် ။ Android ဖုန်းသမားတွေ ကြုံရတဲ့ပြသာနာ Root လုပ်နည်းတွေ ကောင်းကျိုးဆိုးကျိုး တွေကိုလည်း ရှင်းပြထားပါတယ်။

Root လုပ်ချင်တဲ့သူတွေအနေနဲ့ လည်း ဒီစာအုပ်မှာ Root လုပ်နည်း အမျိုးမျိုးကို ရှင်းပြထားတာမို့  မည်သည့်ဖုန်းအမျိုးစားမဆို Android Mobile Os ဆို အဆင်ပြေ လွယ်ကူစေမှာဖြစ်ပါတယ်။ ဒါကြောင့် Android အသုံးပြုသူတိုင်း ဖုန်းအကြောင်းပြုပြင်နည်း အသေးစိတ်ပါတာမို့ ဖတ်သင့်ပါကြောင်း အကြုံပြု လိုက်ပါတယ်။ အဆင်ပြကြပါစေ....

စာအုပ်​အား ​ဒေါင်းလုပ်​ဆွဲရန်

>>>  Copy Link

>>>  Box Link 

>>> Dropbox Link 

>>> Drive Link 

Credit To => မင်းပြားသားလေးနည်းပညာစုစည်းမှု

Read more ...

✏ ကျနော် သိသော Android အကြောင်း What is Android?( Android ဆိုတာ ဘာလဲ) ✏

Tuesday, October 28, 2014

Android လို့ ပြောလိုက်တာနဲ့ ကျနော်တို့ တတွေမျက်လုံးထဲမှာ အစိမ်းရောင် စက်ရုပ်ကလေးကတာ့ မြင်ယောင် နေမယ်ထင်တယ်။ မြန်မာ mobile ဖုန်းအသုံးပြုသူအများစုကတော့ Android ဆိုတဲ့နာမည်ကို တီးမြည့်ခေါက်မည့်ရှိပြီးသားဖြစ်မှာပါ။ အခုမှ ဘာလို့  ထရေးရလည်းဆိုတော့ မသိသေးတဲ့သူတွေလဲ သိရအောင် ကျနော်သိထားတဲ့ Android အကြောင်းလေး အနည်းငယ်ကို ဝေမျှတဲ့သဘောလောက်ပါပဲ။

တကယ်တော့ Android ဆိုတာ Linux Kernel ကိုအခြေခံရေးသားထားတဲ့ Operating System တခုဖြစ်ပါတယ်။ mobile ကိရိယာများ ဖုန်းများနဲ့  tablet computer တွေအတွက် အဓိက ရည်ရွယ်ပြီး ထုတ်လုပ်ထားသော အသုံးပြူရလွယ်ကူတဲ့ Open source platform တခုဖြစ်ပါတယ်။ Android ကုမ္မဏီကို ၂၀၀၃ အောက်တိုဘာလောက်က Andy Rubin ၊ Rich Miner ၊ Chris White ၊ Nick Sears တို့ တတွေ က US California မှာ တည်ထောင်ခဲ့ ကြပါတယ်။ mobile phone တွေအတွက် သူတို့ တွေကြိုးပန်းနေရင်း Rubin တစ်ယောက် ငွေကြေး အဆင်မပြေမှုတွေ စတင်လာခဲ့ပါတော့တယ်။၂၀၀၅ လောက်မှာတော့ ကျနော်တို့ အားလုံးသိပြီးသားဖြစ်တဲ့ နာမည်ကြီး Google က Android Inc. ကို ၀ယ်ယူလိုက်ပါတော့တယ်။ အဲဒီအချိန်မှာ ကျနော်တို့ အားလုံးက တော့ Google ကတော့ Mobile လောကထဲ ၀င်လာတော့မယ်လို့ သုံးသပ်ထင်မြင် နေကြတာပေါ့။ Google ဖုန်းထွက်ပေါ် လာလိမ့်မယ် ဆိုပြီး ထင်မြင်ချက်တွေ ပေးပြီး မျှော်လင့်နေပေမယ့် Google ဟာ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ အသံတိတ်နေခဲ့ပါတယ်။ အချိန် အတော်ကြာ Google က ဘာထူးခြားမှုမှ မလုပ်ခဲ့ပါဘူး။

ဒါပေမယ့် ၂၀၀၇ ခုနှစ်လောက်မှာ Google က OHA (Open Handset Alliance ) အဖွဲ့ ကိုစတင် ဖွဲ့ စည်းတည်ထောင်တယ်ဆိုတာ ကြေငြာ လိုက်ပါတယ်။ တဆက်တည်း Android ကို Open Source လွတ်လပ်သော မည်သူမဆို ရယူသုံးစွဲနိုင်သော အရင်းမြစ် (ပွင့်လင်း ရင်းမြစ်) အဖြစ် တရားဝင်ကြေငြာလိုက်တဲ့အချိန်မှာ အားလုံး မျက်သေသေကုန်ကြရလောက်အောင်ဖြစ်ခဲ့ရပါတယ်။ ဒီနေရာမှာ OHA အဖွဲ အကြောင်းအနည်းငယ် ဝေမျှရှင်းလင်းလိုပါတယ်။

What is Open Handset Alliance (OHA)?

Open Handset Alliance အဖွဲ့ ကြီးဟာ mobile ကိရိယာများအတွက် open standard တွေကို အကောင်ထည်ဖော်ဖို့  mobile ကိရိယာတွေထုတ်လုပ်တဲ့သူတွေ နောက် mobile နက်ဝက်ကွန်ယက် ၀န်ဆောင်မှုရောင်းချမှုလုပ်တဲ့သူတွေ နဲ့ mobile နှင့် သက်ဆိုင်တဲ့ အခြားသက်ဆိုင်တဲ့အဖွဲ့ စည်းတွေ ပူးပေါင်းတည်ထောင်ထားသော Non -Profit အဖွဲ့ ကြီး တဖွဲ့ ဖြစ်ပါတယ်။ OHA က mobile users တွေကို ပိုမိုကောင်းမွန်တဲ့ Features တွေ ပေးနိုင်ဖို့  တီထွင်ဆန်းသစ်မှုတွေ ပိုပြီး တိုးတက် ပွင့်လင်းလာဖို့ ဈေးသက်သာတဲ့ mobile ဆက်သွယ်ရေးရရှိဖို့  ရည်ရွယ် ဦးတည်ပါတယ်။ Android ဟာ Google ကပဲ ပိုင်ဆိုင်တဲ့ အနေအထားတင် မဟုတ်တော့ဘဲ OHA က ပိုင်ဆိုင်တဲ့အခြေအနေဖြစ်သွားတဲ့သဘောပေါ့။ OHA အဖွဲ့ ကြီးမှာ Google, Sony , HTC, Samsung, LG, T-Mobile , Nividia, Dell စတဲ့ ကုမ္ဗဏီကြီးတွေပါဝင်ပါတယ်။

ဒီနေရာမှာ အရင်တုန်းကလို ကုမ္ဗဏီကြီးတွေဟာ သက်ဆိုင်ရာ နယ်ပယ်အလိုက် ရပ်တည်ချင်းမရှိတော့ပဲနယ်ပယ်စုံမှာ ပါဝင်လှုပ်ရှားလာတာကိုသတိပြုရမှာပါ။ အရင်ကလို Google ဟာလည်း Search Engine နယ်ပယ်တင်မကတော့ပဲ mobile phone နယ်ပယ် လူမှုဆက်သွယ်ရေး နယ်ပယ်တွေအထိဝင်ရောက်လုပ်ကိုင်လာတာကို သတိပြုမိကြမှာပါ။

Google က၂၀၀၇ ခုနှစ်မှာ OHA ကိုတည်ထောင်ကြောင်းနှင့် Android ကို Open Source ဖြစ်ကြောင်းကြေငြာပြီးတဲ့နောက် ၂၀၀၈ ခုနှစ်မှာ Android SDK (Software Development Kit) version 1.0 ကို စတင်ဖြန့် ချီလိုက်ပါတယ်။ သိပ်တောင် မကြာလိုက်ပါဘူး T-Moblie ဆက်သွယ်ရေး ၀န်ဆောင်မှု ကုမ္ဗဏီက US မှာ HTC ကထုတ်တဲ့ G1 mobile ဖုန်းမှာ စတင်အသုံးပြုခဲ့ပါတယ်။

၂၀၀၉ -၂၀၁၀ လောက်မှာတော့ Android အသုံးပြုတဲ့ ဖုန်းတွေ Tablet computer တွေ device တွေဟာ မှိုလိုပေါက်အောင် ထွက်ပေါ်လာခဲ့ပါတော့တယ်။ Android ဟာ Open Source ဖြစ်တာကြောင့် အချို့ သောထုတ်လုပ်သူတွေဟာ မိမိတို့ လိုအပ်ချက်အလိုက်ပြင်ဆင်ထုတ်လုပ်ထားတဲ့ မူကွဲတဲ့ Version အသစ်တွေ (Donut , Eclair , Cupcake ) ဟာလဲ အတော်များများထွက်ပေါ်လာတယ်။ ခုဆို Smart phone လောကထဲမှာ ထိပ်တန်းကို တိုးထွက်လာခဲ့ပြီး ခေါင်းဆောင်ဖို့ တောင် ဖြစ်နေပြီပဲ။ နေ့ စဉ် Android User တွေဟာလဲ တိုးပွားလျှက်ရှိပါတယ်။

Android ဟာ developer တွေအတွက်တော့တကယ့်ကို ပြည့်စုံကောင်မွန်တဲ့ နတ်ဘုရားသခင်တပါးလိုပါပဲ။ လူသားတွေအတွက် အကြိုးပြုစက်ရုပ်လေး ပေါ့ဗျာ။ကျနော်တို့ တွေ Android Touch Screen ဖုန်းတွေကို ဈေးသက်သက် သာသာ အရည်သွေးကောင်းကောင်းမွန်နဲ့  သုံးနိုင်တာဟာ Open Souce ဖြစ်တာကလဲ တကယ့်ကို အရေးကြီးတဲ့ အပိုင်း တခုပါ။ ပိုပြီးကောင်းမွန်အောင် ဖန်တီးပြုပြင်၇င်း ပိုပြီးကောင်းမွန်လာခဲ့တာပါပဲဖြစ်ပါတယ်။ ဒီထက်လဲ ပိုကောင်းလာကြအုန်းမှာပါ လူသားတို့ ရဲ တီထွင်ဖန်တီးနိုင်မှုကို ဘောင်တွေဖယ်ရှားပေးလိုက်တာ လူသားတွေအတွက် အကြီးမားဆုံးအထောက်အပံ့ဖြစ်စေတာ အားလုံးသတိပြုမိမှာပါ။ ဒါဟာ Open Source ဖြစ်တာကြောင့်ပဲမဟုတ်ပါလော။ Android ဟာ ဘယ်သူမဆို ရယူသုံးစွဲနိုင် တာ ပြုပြင်နိုင်တာတာ လွတ်လပ်စွာ ဆင့်ပွားအသုံးပြုနိုင်တဲ့ မူပိုင်ခွင့် အမျိုးစားထဲကပါ။ ဒီလို Open Source လုပ်တဲ့နေရမှာ တကယ့် Meaching Level မှာအလုပ်လုပ်တဲ့ Low Level Linux module တွေအထိ နောက် Android သုံး ကိရိယာ ဘယ်ကိရိယာပေါ်မှာမဆို အလုပ်လုပ်တဲ့ code အစုအဝေး code library ဖြစ်တဲ့ Native Library တွေ Application Framework တွေ အိုး နောက်ဆုံးအဆင့် complete application တွေထိအောင် မည်သူမဆို မည်သည့် developer မဆို ရယူသုံးဆွဲ နိုင်တဲ့ Open Source ပဲဖြစ်ပါတယ်။ တချို့ သိပ်ပြီး ၀ါသနာကြီးလွန်းတဲ့ developers တွေဆို application lelvel ကနေ Kernel အထိဆင်းကုန်ကြတော့တာပါပဲ။ ဒီလိုတွေကြောင့် developer တစ်ယောက်ဘက်ကကြည့်မယ်ဆိုရင် platform တခုလုံးရဲ့  source ကိုသိရှိနိုင်မှတော့ Operating System တခုလုံးဘယ်လိုတည်ဆောက်ထားလဲဆိုတာ လုံးဝအသေးစိတ်နားလည်နိုင်ပါတယ်။ ဒီတော့ သူ့ အတွက် ရေးသား develop လုပ်မယ့် applications တွေဟာ OS ပေါ်မှာ ကောင်းမွန်စွာအလုပ်လုပ်ပြီး စွမ်းရည်မြင့်တဲ့ application တခုအဖြစ်ရရှိနေနို်င်မှာပဲလေ။ Handset တွေ Devices တွေထုတ်လုပ်တဲ့သူဘက်ကြည့်မယ်ဆိုရင်လဲ ကိုယ်ထုတ်လုပ်မယ့် Hadware devices တွေနဲ့ ကိုက်ညီမယ့်၊ customer ၇ဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ကိုယ်ပိုင် Android OS တခုလိုမျိုးဖြစ်အောင် ပြင်ဆင်ထုတ်လုပ် ထည့်သွင်းနိုင်နေပါတယ်။

Android ရဲ့ တကယ့်ရည်ရွယ်ချက်တွေကလဲ mobile user တွေဈေးသက်သာဖို့ နောက် developer တွေ ထုပ်လုပ်သူတွေ အဆင်ပြေပြေထုတ်လုပ်နို်ဖို့ ရည်ရွယ်ခဲ့တာပဲလေ။ ဒီလို Mobile လောကအတွက် mobile devices တွေအတွက် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်သလို mobile devlce တွေရဲ့ အားနည်ချက်တွေဖြစ်တဲ့ battery life ၊ နောက် RAM speed , processign speed တွေကိုပါထည့်သွင်းစဉ်းစားပြီးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ mobile ကိရိယာအများစုဟာ battery ရဲ့ ပါဝါနဲ့  အလုပ်လုပ်ကြတာ အားလုံး သတိထားမိမယ်ထင်ပါတယ်။ ဘထ္ထရီသက်တန်းကို လည်း အရမ်းကြီး ကောင်းမွန် အောင် မလုပ်နိုင်သေးတဲ့အခြေအနေမျိုးမှာ ဘယ်လိုလုပ်ချင်းအားဖြင့် battery ကိုသက်သာစေနိုင်မလဲ နောက် Mobile ဆိုတဲ့အတိုင်း သယ်ရပြုရလွယ်ကူစေဖို့ တဲ့ ရည်ရွယ်ချက်ကရှိနေပြန်တော့ size ကိုလဲ သေးနိုင်သမျှသေးအောင် လုပ်ရပြန်တယ် ဒီတော့ မှတ်ဥာဏ် Memory ပိုင်းမှာလဲ အကန့် အသတ် တွေ ကရှိနေပါသေးတယ်။ ဒီလိုအခြေအနေမျိုးတွေကိုပါထည့်သွင်းစဉ်းစားထားတဲ့ Android OS ဟာ device ရဲ့  size အလိုက် screen size ၊ resolution ရုပ်ထွက်ပြင်းအား နောက် အတွင်းပိုင်း ပါဝါပိုင်းဆိုင်၇ာလုပ်ဆောင်မှု တွေကို ကိုလိုသလိုလိုက်လျှောညီထွေမှုရှိအောင် ပြုပြင်ရေးသားနိုင်တဲ့ Bionic ကိုထည့်သွင်းထားပါတယ်။ Bionic အကြောင်းကို နောက်ပိုင်း ရေးသားမယ် အပိုင်းများမှာရှင်းလင်းတင်ပြပေးပါ့မယ်။

နောက်ပြီး ကျနော်တို့ အနေနဲ့  စိတ်ပါဝင်စားလာလို့ စမ်းသပ် မယ်ဆိုရင် တောင် Application developer တစ်ယောက်အဖို့ Application တခုကို လွယ်ကူလျှင်မြန်စွာရေးသားနိုင်ဖို့  tools တွေ Framework တွေအားလုံးရရှိပါဝင်နေပါတယ်။နောက်ဆုံးဗျာ စတင်စမ်းသပ်ရေးသား ဖန်တီးဖို့  Android Device တောင် ၀ယ်နေစရာမလိုပဲ Android Software Developement Kit (SDK) ရှိလျှင်ကိုဖြစ်နေပါပြီ။ ဒီတော့ကိုေ၇းသားမယ့်စက်ပေါ်မှာတင်စမ်းသက်နိုင်တာပေါ့ဗျာ။ ကျနော်ရေးတာလဲနဲနဲ ရှည်သွားပါပြီ ။ လိုအပ်တာများရှိရင်လဲ ထောက်ပြသွားကြပါအုံး။ နောက်တပတ်မှပဲ ဆက်ရေးတော့မယ်ဗျာ။

Credit >>> Tayzar Kyaw

Read more ...