Pages
Advanced Download Manager Pro v4.1.8 Apk
Saturday, July 4, 2015
Android Ph/Tab တွေမှာဒေါင်းချင်တာ အမြန်ဒေါင်းပေးနိုင်တဲ့ - Advanced Download Manager Pro v4.1.8 Apk ဗားရှင်းအသစ်လေးပါ ဒီဒေါင်းလုတ် Apk လေးရဲ့ထူးခြားချက်က ဒေါင်းနေရင်းလိုင်းကျ သွားရင်း ဖိုင်ပျက်ကျ မသွားဘဲ လိုင်းပြန်တက်ရင်အော်တို ဒေါင်းပေးနိုင်တဲ့ဆော့၀ဲကောင်းလေးပါဖိုင်ဆိုဒ်ကြီးတွေဒေါင်းယူတဲ့နေရာမှာ အဆင်ပြေစေပါတယ်....
အောက်မှာ ဒေါင်းပြီး
 တော့အသုံးပြုနိုင်ပါတယ်....
 Link-1 
 Link-2 
အဆင်ပြေပါစေဗျား.......
Read more ...
ပအိုဝ္ႏလိတ္မြူး App_v.1.0
Tuesday, June 9, 2015
        ပအိုဝ်နလူမျိုးများအတွက် "ပအိုဝ်နလိတ်မွူး" App လေးကို အမှားများစွာနဲ့ပထမဆုံး ဗားရှင်းကိုမျှဝေပေးလိုက်ပါတယ်။
"ပအိုဝ်နလိတ်မွူး" App ကို ပအိုဝ်း IT လူငယ်များ မှ ပြန်လည်ရေးသားထုတ်ဝေပေးလိုက်တာပါ။
ပအိုဝ်နစာပေကိုလေ့လာတတ်မြောက်လိုသူများ ဝယ်ယူရန်အဆင်မပြေသူများ အတွက်အဓိကထားထုတ်ဝေလိုက်ပါတယ်။
အခြားလိုအပ်သူများလည်း မည်သူမဆို "အခမဲ့" ရယူနိုင်ပါတယ်။
ပအိုဝ်နစာသည် မြန်မာစာတတ်မြောက်ထားသည့် ပအိုဝ်နလူမျိုးတိုင်း အလွယ်တကူလေ့လာတတ်မြောက်နိုင်ပါတယ်။
ယခုလို အိုင်တီခေတ် မှာမိမိတို့၏ပအိုဝ်နစာပေကို ဖုန်းထဲတွင်အလွယ်တကူလေ့လာနိုင်ရန် App အဖြစ်ပြုလုပ်ပေးလိုက်ခြင်းဖြစ်ပါတယ်။
ယခုပထမဆုံးဗားရှင်းတွင် စာမျက်နှာ ၂၀ သာပါဝင်ပြီး နောက်ဗားရှင်းအသစ်တွင် ထပ်မံရေးသားထည့်သွင်းပေးသွားပါမည်။
စာလုံးများကို ပြန်လည်ရိုက်ကူးထားပါသဖြင့် တတ်ကျွမ်းနားလည်သူများ စာလုံးအမှားများတွေ့လျှင် Feedback ပေးကြပါ။
ယခု "ပအိုဝ်နလိတ်မွူး" App နဲ့ပတ်သက်၍မိမိတို့၏ ထင်မြင်ချက်များ ဝေဖန်လိုသည့်အချက်များကို ပွင့်ပွင့်လင်းလင်းဝေဖန်နိုင်ပါတယ်။
ပထမဆုံးဗားရှင်းဖြစ်သည့်အတွက်အမှားများစွာရှိနိုင်ပါသည်။
အမှားများတွေ့ပါကထောက်ပြပေးကြပါ။
နောက်ဗားရှင်းအသစ်များတွင် အမှားများကိုပြင်ဆင်ရင်း ကျန်ရှိနေသေးသည့် စာမျက်နှာများကိုလည်း ထပ်မံထည့်သွင်းပေးသွားပါမည်။
App Name ကိုယူနီကုဒ်ဖြင့်ရေးသားထားပါတယ်။
ဇော်ဂျီအသုံးပြုသူများ အမှန်မြင်နိုင်မည် မဟုတ်ပါ။
အထဲကစာတွေကိုတော့ ဇော်ဂျီ/ယူနီကုဒ် အားလုံးမြင်နိုင်ပါတယ်။
Play Store ကနေ ဒေါင်းလို့အဆင်ပြေသူများ Play Store ကနေဒေါင်းပေးကြပါ။
                                     Download >>><<< From Play Store
Play Store အဆင်မပြေသူများကတော့ အောက်ကလင့်ကနေဒေါင်းကြပါ။
                                      Download >>><<< From Pcloud
Screens
========
ကျွန်တော်တို့ပအိုဝ်နလူမျိုးများလည်း အားလုံးမြန်မာယူနီကုဒ်ကိုအသုံးပြုဖို့အကြံပြုလိုပါတယ်။
ယူနီကုဒ်တွင် ကျွန်တော်တို့ပအိုဝ်နစာအပြင် အခြားမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးတို့၏စာပေများလည်းပါဝင်ပါသေးသည်။
Google Apps နှင့် Facebook တို့တွင်လည်း မြန်မာဘာသာဖြင့်အသုံးပြုနိုင်ပါသည်။
ယူနီကုဒ်တွင်အခြားအားသာချက်များလည်းရှိပါသေးသည်။
ယူနီကုဒ်အသုံးပြုလိုသူများ အောက်ပါနေရာများတွင် လာရောက်လေ့လာ အကူညီတောင်းနိုင်ပါတယ်။
ဒီဘလော့မှာလည်းတင်ထားပါတယ်။
ရှာဖွေလေ့လာနိုင်ပါတယ်။
ပအိုဝ်း IT လူငယ္မ်ား
ကျန်ြတ္တောို့ ပအိုဝ်း IT လူငယ္မ်ား(Paoh IT Youth) ဘေလာ့နွင့် ပေ့စ္ကတင်သမျွကို Offline ဖတ်ရူ့နိုင်အောင်
App လုပ်ပြီး Play Store မွာတင္ထားပါတယ်။
ဒေါင်းပေးကြပါဦးနော်..........
Review လေးတြေဝင်ပေးကြပါဦး အားလုံးကို ကေ်းဇူးတင္ပါတယ်။ပေးထားတဲ့လင့်ကေနသြားရောက်ဒေါင်းယူပေးကြပါနော်.......
နွင့်
Join ထားလိုက္ပါ။
Read more ...
Viva Video Pro V-4.1.5.apk
Saturday, May 23, 2015
မင်္ဂလာပါ
ဒီတခါတော့ ဖုန်းနဲ့ ဗီဒီယိုတည်းဖြတ်ပြုပြင်ချင်တဲ့ သူငယ်ချင်းများအတွက် Viva Video Pro ဆိုတဲ့ ဗီဒီယိုတည်းဖြတ်တဲ့ဆောဖ့်ဝဲလေး မျှဝေပေးလိုက်ပါတယ် PlayStore မှာတော့ ဝယ်ယူအသုံးပြုရပါတယ်
အောက်ကလင့်ခ်မှာတော့ free ဒေါင်းယူအသုံးပြုနိူင်ပါတယ်ဗျား.....
                                                     Pcloud Link 
                                                      Box Link 
အဆင်ပြေပါစေဗျား........
Read more ...
CCleaner for Android
Friday, May 22, 2015
မင်္ဂလာပါ
Android Ph/Tab ကိုင်ဆောင်တဲ့ မိတ်ဆွေများအတွက် CCleaner ဆိုတဲ့
app လေးမျှဝေပေးလိုက်ပါတယ်.... ကွန်ပျူတာမှာဆိုရင်လည်း အသုံးပြုသူတိုင်းဆောင်ထားတတ်ကြတဲ့ ဆော့ဖ်ဝဲလ်လေးပါ....
မိတ်ဆွေများရဲ့ Android Ph/Tab တွေထဲက မလိုအပ်တဲ့ ဖိုင်တွေ၊ဘရောက်ဇာထဲဝင်ရောက်ထားတဲ့မှတ်တမ်းတွေ၊ဖုန်းခေါ်ဆိုမှု၊အဝင်အထွက်စာအိတ်များ စသည်တို့ကိုရှင်းလင်းနိုင်ပြီး Ph/Tab တွေကို မြန်ဆန်ပေါ့ပါးစွာ အသုံးပြုနိုင်စေပါမယ်....
File size 2.5 Mb သာရှိပါသည်။
အောက်ပါနှစ်သက်ရာလင်ခ့်ကနေ ဒေါင်းယူအသုံးပြုနိုင်ပါတယ်.....
                                                  Download Here 
အဆင်ပြေပါစေဗျာ...။
Read more ...
ANDROID PHONE မှ အင်တာနက်ကွန်နက်ရှင်ကို ပီစီတွင် အသုံးပြုသည့်အခါ ဘရောက်စာ၏ ဒေတာစားသုံးမှုကို နည်းပါးအောင် ပြုလုပ်ခြင်း
Sunday, May 17, 2015
Desktop Version Website များဟာ Broadband Connection တွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ မိုဘိုင်းဗားရှင်းဝက်ဆိုက် အပါအ၀င် အခြားဝက်ဆိုက်များထက် အရွယ်အစားကြီးမားပါတယ်။
အဲဒီအတွက် ဖုန်းမှာ Tether ပြုလုပ်ပြီး ကွန်ပြူတာမှာ အင်တာနက် အသုံးပြုရင် တစ်နည်းအားဖြင့် ဖုန်းမှ အင်တာနက်ကို ကွန်ပြူတာသို့ ထုတ်လွှင့်အသုံးပြုရင် သင့်ရဲ့ မိုဘိုင်းဒေတာများစွာ ကုန်ကျမှာ ဖြစ်ပါတယ်။
အောက်ပါနည်းလမ်းတွေကတော့ မိုဘိုင်းဒေတာပမာဏကို ချွေတာ အသုံးပြုနေရသူတွေအတွက် အသုံးဝင်မှာ ဖြစ်ပါတယ်။
Click-To-Play Plugins ကို Enable လုပ်ပါ။
ဝက်ဆိုက်တော်တော်များများဟာ ကြော်ညာနဲ့ ဗီဒီယိုတွေအတွက် Flash Content တွေကို Embed လုပ်ထည့်သွင်းထားကြပါတယ်။ အဲဒီ Flash Content တွေဟာ အရွယ်အစားအားဖြင့် ကြီးမားကြပါတယ်။ Flash Content တွေကို Load ပြုလုပ်ခြင်းမှ ပိတ်ပင်ထားဖို့ ဘရောက်စာတွေမှာ ပါတဲ့ Click-To-Play Plugin Feature ကို Enable လုပ်ရမှာပါ။ ဒါဆိုရင် ၀က်ဆိုက်တွေ ဖွင့်ရင် Flash Content တွေကို အလိုအလျှောက် ပြသပေးမှာ မဟုတ်ဘဲ “ Click to run Flash” ကိုနှိပ်မှသာ ပြသပေးမှာ ဖြစ်ပါတယ်။ ဘရောက်စာတွေမှာ Click-To-Play Plugin ကို Enable လုပ်ဖို့အတွက်
Chrome
Settings ထဲသွားပြီး စာမျက်နှာအောက်ဆုံးရှိ Show advanced settings လင့်ကို နှိပ်ပါ။ Privacy Section အောက်မှ Content Settings ခလုတ်ကို နှိပ်ပါ။ Plug-ins ကဏ္ဍအောက်မှ Click to play ကို ရွေးချယ်ပေးပါ။
Firefox
Firefox Address Bar မှာ about:config လို့ရိုက်ပါ။ နောက်အဆင့်မှာ “ I’ll be careful… “ ကိုနှိပ်ပါ။ Search Box မှာ plugins.click_to_play လို့ရိုက်ပြီး ရှာပါ။ ရှာတွေ့ရင် နှစ်ချက်နှိပ်ပြီး Value မှာ True ဖြစ်အောင် ပြောင်းပေးပါ။ ပြီးရင် Firefox ကို Restart လုပ်ပေးပါ။
Images များကို Disable ပြုလုပ်ပါ။
ဓါတ်ပုံတွေကလည်း Bandwidth ကို တော်တော်စားသုံးပါတယ်။ ဒတ်စတော့ဗားရှင်း ၀က်ဆိုက်တွေမှ ဓါတ်ပုံတွေဆိုရင် ပိုမိုအသေးစိတ်ကျပြီး အရွယ်ကြီးမားပါတယ်။ အဲဒီဓါတ်ပုံတွေကို မပြသအောင် ပိတ်ထားနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဓါတ်ပုံတွေကို ပိတ်ထားရင်တော့ ၀က်ဆိုက်တစ်ခုကိုဖွင့်ကြည့်ရင် အောက်ကပုံမှာလို ဓါတ်ပုံတွေကို ပြသပေးခြင်း မရှိတော့ပါဘူး။
Chrome
Settings ထဲသွားပြီး စာမျက်နှာ အောက်ခြေရှိ Show advanced settings ကို နှိပ်ပါ။ Privacy ကဏ္ဍအောက်ရှိ Content Settings ခလုတ်ကို နှိပ်ပြီး Do not show any images ကို ရွေးပေးပါ။
Firefox
Address Bar မှာ about:config လို့ရိုက်ပြီး အန်းတားနှိပ်ပါ။ Search Box မှာ permissions.default.image လို့ရိုက်ရှာပါ။ ရှာတွေ့ရင် အဲဒီအပေါ်ကို Mouse Cursor ချပြီး Right-Click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို 2 ပြောင်းပေးပါ။
Opera Turbo ကို အသုံးပြုပါ။
Opera မှာ အခြား နာမည်ကြီး ဘရောက်စာများမှာ မပါတဲ့ စွမ်းဆောင်ချက်တစ်ခုပါရှိပါတယ်။ Opera ဘရောက်စာမှာ Opera Turbo ကို အသုံးပြုရင် သင်ကြည့်ရှုတဲ့ Web Pages များကို Opera ရဲ့ ဒေတာတွေကို ချုံ့ပေးတဲ့ Proxy ကနေ ဖြတ်သန်းစေမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သင့် မိုဘိုင်းဖုန်းရဲ့ ဒေတာပမာဏကို သက်သာစေမှာပါ။
Opera Turbo ကို Enable လုပ်ဖို့အတွက် ဘရောက်စာရဲ့ အောက်ခြေမှ Opera Turbo Icon ကို နှိပ်ပြီး Enable Opera Turbo ကိုရွေးပါ။
Opera က HTTPS Pages များကိုတော့ သူတို့ရဲ့ Proxy ကနေ ဖြတ်သန်းစေမှာမဟုတ်ပါဘူး။ အဲဒီအတွက် သင့်ရဲ့ ပုဂ္ဂလိက ဒေတာများဟာ လုံခြုံစေမှာဖြစ်ပေမယ့် အဲဒီ Web Page များကို ချုံ့ပေးမှာ မဟုတ်ပါဘူး။
Mobile Website များကို Request လုပ်ပါ။
မိုဘိုင်းဝက်ဆိုက်များဟာ ဒတ်စတော့ဝက်ဆိုက်များထက်စာရင် Bandwidth အနည်းငယ်ကိုသာ အသုံးပြုပါတယ်။ သင့် ဒတ်စတော့ ဘရောက်စာရဲ့ User Agent ကို ပြောင်းလဲခြင်းဖြင့် မိုဘိုင်းဝက်ဆိုက်များအနေနဲ့ ကြည့်ရှုနိုင်ပါတယ်။ ဒတ်စတော့ ဘရောက်စာရဲ့ User Agent ကို ပြောင်းလဲပေးဖို့အတွက် အလွယ်ကူဆုံးက Extension များကို အသုံးပြုတာပါ။ Chrome နဲ့ Firefox အတွက် User Agent ကို ပြောင်းလဲပေးနိုင်တဲ့ Extension များကို Google Search မှာ user agent switcher for chrome or firefox စသဖြင့် ရှာဖွေနိုင်ပါတယ်။
ကြော်ညာများကို ပိတ်ပင်ပါ။
ဝက်ဆိုက်တွေမှာသာမက Facebook လို လူမှုကွန်ရက်တွေမှာပါ ကြော်ညာများစွာ ထည့်သွင်းထားကြပါတယ်။ အဲဒီကြော်ညာတွေက သင့်ရဲ့ မိုဘိုင်းဒေတာကို ကုန်ကျစေပါတယ်။ အဲဒီ ကြော်ညာတွေကို ပိတ်ပင်ထားနိုင်ဖို့ Browser Extension များကို အသုံးပြုနိုင်ပါတယ်။ Ad Blocker များစွာ ရှိပေမယ့် နာမည်အကြီးဆုံးကတော့ AdBlock Plus ဖြစ်ပါတယ်။ AdBlock Plus ကို Chrome, Firefox တို့မှာ အင်စတောလုပ်နိုင်ပါတယ်။
အထက်ပါနည်းလမ်းများအပြင် ဘရောက်စာ အလိုအလျှောက် Update ပြုလုပ်ခြင်းကို ပိတ်ထားခြင်း၊ အလိုအလျှောက် Windows Update ပြုလုပ်ခြင်းကို ပိတ်ထားခြင်းများကလည်း သင့်ရဲ့ မိုဘိုင်းဖုန်းမှ အင်တာနက် ကွန်နက်ရှင်ကို ပီစီမှာ အသုံးပြုတဲ့ အခြေအနေမှာ ဒေတာပမာဏ သက်သာစေမှာ ဖြစ်ပါတယ်။
လေးစားစွာဖြင့်......။
Credit; Digital Life Journa
Read more ...
Power Bank တစ်လုံးကို ရွေးချယ် ဝယ်ယူမယ့်သူတွေ သိထားသင့်တဲ့ အချက် (၇) ချက်
Saturday, May 16, 2015
######
ယနေ့ခေတ်၌့ မိုဘိုင်းဖုန်း သုံးစွဲသူတွေ အတော်လေး များပြားလာပါပြီ ဖုန်းတစ်လုံး၏ သုံးစွဲနိုင်သည့် သက်တမ်းမှာ ဖုန်းအရည်အသွေးနှင့် ထုတ်လုပ်သူပေါ်လိုက်၍ ကွာခြားလေ့ ရှိပါသည်။ ဖုန်းသုံးစွဲသူ အများစုမှာ ခရီးသွားလျှင် ဖုန်းအားထပ်မံ ဖြည့်သွင်းနိုင်ရန်အတွက် အလုပ်ရှုပ်မခံ လိုကြသောကြောင့် အလွယ်တကူ အားဖြည့်သွင်းနိုင်သော Power Bank များကိုသုံးစွဲ လာကြသည်။ Power Bank များ၏ လျှပ်စစ်အား သိုလှောင်မှုနှင့် ရေရှည်သုံးစွဲနိုင်မှုမှာ အမှတ်တံဆိပ်ပေါ် မူတည်၍ ကွာခြားသည်။ Power Bank ဝယ်ယူလိုသူများ အနေဖြင့် မိမိစိတ်ကြိုက် ရွေးချယ်ဝယ်ယူ နိုင်ရန်နှင့် သုံးစွဲစဉ် သိထားသင့်သော အချက်များကို စုပေါင်း၍ဖော်ပြ ပေးလိုက်ပါသည်။
(၁) Brand ရှိသော တံဆိပ်နှင့် Protection Function ပါသော Power Bank ကို ရွေးချယ်ပါ။ အရည်အသွေး ကောင်းသော Power Bank တစ်ခုမှာ Loud, Self-checking, Over Load, Protection, Short Circuit Protection, insulation Protection Function များပါဝင်ပါသည်။
(၂) Conversion rate ကို သတိပြုပြီး မိမိဖုန်း Device နှင့် သင့်တော်သော Power Bank ကိုရွေးချယ် ဝယ်ယူပါ။
(၃) ဈေးနှုန်းနှိမ့်ပြီး mAh များသော Power Bank များမှာ အလွယ်တကူ Voltage instability ဖြစ်စေပြီး ပေါက်ကွဲမှုလည်း ဖြစ်စေပါသည်။ Mobile Phone DevicePower အမျိုးအစားနှင့်အညီ Mobile Power စွမ်းရည်ကို ရွေးချယ်ပါ။ အရည်အသွေး ကောင်းသော 10000 mAh အပြည့်ပါသည့် Power Bank မှာပုံမှန် Smart Phone များကို ၄ ကြိမ်မှ ၅ ကြိမ်ထိ အားသွင်းနိုင်ပါသည်။ ကောင်းသော Power BankConversion rate မှာ ၈၅ ရာခိုင်နှုန်း ပေါ်မှာရှိပြီး အနိမ့် (သို့မဟုတ်) ညံ့သော Power BankConversion rate မှာ ၇၀ ရာခိုင်နှုန်း အောက်မှာသာ ရှိသည်။
(၄) Power Bank ကို ကြာရှည် အသုံးမပြုပါက အနည်းဆုံး တစ်လတစ်ကြိမ် အားသွင်းပေးပါ။
(၅) အစိုဓာတ် ကင်းမဲ့သော နေရာတွင် အသုံးပြုပါက Power Bank အတွက် ပိုကောင်းပါသည်။ Over Cold new, Over Head နှင့် ဓာတုပစ္စည်းရှိသော နေရာတွင် အသုံးမပြုသင့်ပါ။
(၆) Voltage, Current နှင့် Controller နှစ်ခုမှာ မူတည်ပြီး အားသွင်းတဲ့စနစ် ပြောင်းလဲနိုင်ပါသည်။
(၇) Power Bank ၌ရှိသည့်အားကို ကုန်အောင် သုံးစွဲ၍ ရပါသည်။ သိုသော် သိထားသင့်သည်မှာ ပါဝါသုံးစွဲမှု မြင့်မားသော အမြင့်ပိုင်း Device များကို အသုံးပြုလျင် ဖုန်းဘက်ထရီ သက်တမ်းတိုသွား နိုင်ပါသည်။
Credit:  internetjournal
Read more ...
ကားပြိုင်ဂိမ်း အမိုက်စား​​လေး Asphalt nitro v.1.0apk
Thursday, May 14, 2015
မင်္ဂလာပါ.....
ဂိမ်းဝါသနာပါတဲ့ ​ဘော်​​ဘော်​တို့အတွက်​ ဖိုင်​ဆိုဒ်​နဲနဲ နဲ့ ကစားလို့​ကောင်းတဲ့ Asphalt Nitro ဆိုတဲ့
ဂိမ်း​လေးမျှ​ဝေ​ပေးလိုက်​ပါတယ်​....
ရုပ်​ထွက်​​တွေကလည်း ​အရမ်းလန်းပါတယ်
အောက်​မှာကျ​နော်​ ပုံ​လေး​တွေပြထား​ပေးပါတယ်
                                *************************
          ကြိုက်​ရင်​​အောက်​ကလင့်​ခ်​မှာ ​ဒေါင်းယူသွားနိုင်​ပါတယ်​ဗျား.....
                                              Download Here 
အဆင်​​ပြေပါ​စေဗျား.....။
Read more ...
ဘ​လော့မှာ မြန်​မာ​ဖောင့်​(​ဇော်​ဂျီ/ယူနီကုဒ်​)နှစ်​မျိုးစလုံး အဆင်​​ပြေနိုင်​​စေမယ့်​နည်းလမ်း(Only For Blogger)
Wednesday, May 6, 2015
မင်္ဂလာပါ......
ကျ​နော်​ဒီတခါတင်​​ပေးတဲ့ပိုစ့်​​လေးက​တော့ ဘ​လော့ကာသူငယ်​ချင်းများအတွက်​ပါ....
ခုဆိုရင်​ မြန်​မာ​ဖောင့်​(​ဇော်​ဂျီ)က​နေ မြန်​မာ​ဖောင့်​(ယူနီကုဒ်)ကို ​​ပြောင်းသုံးလာကြပါပြီး...
တချို့​တွေကလည်း မြန်​မာ​ဖောင့်​(​ဇော်​ဂျီ)ကို ဆက်​လက်​အသုံးပြု​နေကြဆဲပါ.....
ဘ​လော့ပိုစ့်​​ရေးသားကြသူများကလည်း မြန်​မာ​ဖောင့်​(​ဇော်​ဂျီ)ကို အသုံးပြု​နေကြသူ​တွေရှိသလို
မြန်​မာ​ဖောင့်​(ယူနီကုဒ်​) ဖြင့်​လည်း ​ရေးသားအသုံးပြု​နေကြပါပြီ...
အဲ့မှာ ဖြစ်​​ပေါ်လာတဲ့ပြဿနာက​တော့ မြန်​မာ​ဖောင့်​(​ဇော်​ဂျီ)နဲ့ ​ရေးသားတဲ့ ဘ​လော့ကို
မြန်​မာ​ဖောင့်​(ယူနီကုဒ်​) အသုံးပြုသူက သွား​ရောက်​​လေ့လာခြင်း၊မြန်​မာ​ဖောင့်​(ယူနီကုဒ်​)နဲ့
ရေးသားထားတဲ့ ဘ​လော့ကို မြန်​မာ​ဖောင့်​(​ဇော်​ဂျီ) အသုံးပြုသူက သွား​ရောက်​​လေ့လာခြင်း
အဲ့မှာမြန်​မာစာ​တွေ က​မှောက်​ကမှနဲ့ ​ပေါက်​ကရ​တွေဖြစ်​ကုန်​တာဘဲ....
အဲ့ဒီပြသနာကို ​ပြေလည်​နိုင်​​စေဖို့အတွက်​ ဒီနည်း​လေးက အဆင်​​ပြေပါလိမ့်​မယ်​လို့ ကျ​နော်​ထင်​မိပါတယ်​....
အဲ့အတွက်​လိုအပ်​တဲ့ ကုဒ်​ကို ​အောက်​မှာ ​ဖော်​ပြထား​ပေးပါတယ်​....
ဒီကုဒ်​​တွေကို ဘ​လော့ခရီသည်​( www.aungsanmks.com )မှ ကူးယူပြန်​လည်​မျှ​ဝေ​ပေးလိုက်​ပါတယ်​ ခင်​ဗျား....
အောက်​မှာ​အသုံးပြုရမယ့်​ကုဒ်​​တွေကို အရင်​​ကော်​ပီကူးလိုက်​ပါ​နော်​....
<script type="text/javascript" src="http://kogeelay.googlecode.com/files/unicodeorzawgyi_KG.js"></script>
ပြီးရင်​​အောက်​က ပုံ​လေး​တွေအတိုင်း ဆက်​လက်​​ဆောင်​ရွက်​သွားလိုက်​ပါ​နော်​.....
အရင်​ဦးဆုံး google မှာ မိမိဘ​လော့ရဲ့​မေးလ်​နဲ့ blogger sign in လုပ်​လိုက်​ပါ....။
ပြီးရင်​ ​အောက်​ကပုံအတိုင်းမြင်​​တွေ့ရပါမယ်​....။
မျှားအပြာ​​​ရောင်​​လေးနဲ့ပြထားတဲ့ ​နေရာကိုနှိပ်​ပါ....။
ပြီးရင်​ အဲ့မှာ မျှားအဝါ​ရောင်​​လေးနဲ့ပြထားတဲ့အတိုင်း Layout ဆိုတာကိုနှိပ်​ပါ...။
အောက်​ကပုံ​လေးအတိုင်​​ပေါ်လာပြီးဆိုရင်​ Add d Gadget ဆိုတာကိုနှိပ်​ပါ....။
အောက်​ကပုံ​လေးအတိုင်​ကျလာရင်​ HTML/JavaScript ဆိုတာကိုရှာပြီး (+) ​လေးကိုနှိပ်​​ပေးပါ....။
အောက်​ကပုံ​လေးအတိုင်​​ပေါ်လာပါမယ်​....
ကျ​နော်​ ပုံမှာပြထား​ပေးတဲ့အတိုင်း အဲ့​နေရာမှာ အ​ပေါ်က ​ကော်​ပီကူးထားတဲ့ ကုဒ်​​တွေကို (Paste)
ချ​ပေးပါ....။
Paste ချနည်း >>> ဖုန်းအသုံးပြုသူများ Paste ချမယ်​​နေရာ ကိုခဏ​လောက်​ဖိထား​ပေးလိုက်​ပါ
                               Paste ဆိုပြီး ​ပေါ်လာရင်​ Paste ကိုနှိပ်​​ပေးလိုက်​ပါ။
                              ကွန်​ပျူတာ သမားများ ​မောက်​ရဲ့ ညာကိုတချက်​ကလစ်​ပြီး Paste ဆိုတာကို
Paste လုပ်​ပြီးလို့ ကုဒ်​​တွေ​ရောက်​သွားပြီးဆိုရင်​ Save ကိုနှိပ်​လိုက်​ပါ...။
ကဲ...အားလုံးပြီးသွားပြီဆိုရင်​​တော့ Save arrangement ဆိုတာကိုနှိပ်​ပါ....(​အောက်​ကပုံ​လေးအတိုင်း)
ဖုန်း​တွေမှာပါ ​ရွေးချယ်​အသုံးပြုနိုင်​ဖို့ Template ကိုနှိပ်​လိုက်​ပါ....။
အဲ့ဒီမှာ Mobile ဆိုတဲ့​နေရာက Setting icon (စက်​သွားပုံ​)ကိုနှိပ်​ပါ...။
အဲ့မှာ Yes,Show mobile template on mobile devices. ဆိုတာကို
No,Show desktop template on mobile devices. လို့​ပြောင်း​ပေးပြီး
Save လုပ်​လိုက်​ပါ....။
ပြီးသွားရင်​​တော့ သူငယ်​ချင်းတို့ရဲ့ ဘ​လော့ဆိုဒ်​​လေးထဲ့ကို ပြန်​ဝင်​ကြည့်​လိုက်​ပါ....။
အောက်​ကပုံထဲကလို ဘယ်​ဘက်​​ထောင့်​နားမှာ [X]Choose Font Here ဆိုပြီး​ပေါ်​နေပါမယ်​....။
အဲ့မှာ မြန်​မာ​ဖောင့်​(​ဇော်​ဂျီ/ယူနီကုဒ်​)​ပြောင်းနိုင်​ပါပြီးဗျား..
Credit : ဘ​လော့ခရီသည်
အဆင်​​ပြေပါ​စေဗျား....။
                             Facebook က Page မှာလည်း Like လုပ်​ထား​ပေးပါဦး..... 
Posted by ​မောင်​သုည
Read more ...
Nova Launcher Prime v#materinova.29 Apk
Sunday, May 3, 2015
မင်္ဂလာပါ....
Read more ...
ANDROID ဖုန်းေ လး လံနှေးကွေး ရခြင်း အကြောင်း အရင်းများ
Sunday, May 3, 2015
မင်္ဂလာပါ...
 Memory Stroage အကြောင်းလေးကိုပြောပြချင်ပါတယ်။ Memory stroage လို့ပြောလိုက်ရင် အရင်ဆုံးအလွယ်ပြေးမြင်လို့ရတာ SD Card ပါ ။ တကယ်တော့ SD Card ဆိုတာ MemoryStroageလို့ပြောလို့ရပေမဲ့ ဖုန်းရဲ့ ROM ပိုင်း System ပိုင်းတွေနဲ့တိုက်ရိုက်သက်ဆိုင်ခြင်း မရှိပါဘူး။ အပိုထည့်သွင်းထားတဲ့ အပိုင်းပဲဖြစ်ပါတယ်။ ပိုပြီးမြင်သာသွားအော င်ပြော ရရင် SD Card မပါလဲ ဖုန်းဟာဆက်ပြီးအလုပ်လုပ်နေဦးမှာဖြစ်ပါတယ်။ ကျွန်တော်တို့အခုလက်ရှိသုံးနေကြတဲ့ဖုန်းတွေဟာ ဖုန်း ထုတ်လုပ်တည်းကပါတဲ့ Bulit in memory ပါဝင်ပါတယ်။ အဲဒီ Build in memoryပေါ်မှာသာ ROM ကိုတင်ပြီးအသုံးပြုနေရခြင်းဖြစ်ပါတယ်။
များသောအားဖြင့် ဖုန်းဝယ်သူတော်တော်များများဟာ SD Card ဘယ်လောက်စိုက်လို့ရလဲဘယ်လောက်ပါလဲဆိုတာကိုပဲ ကြည့်လေ့ရှိကြပါတယ်။ Build in memory ဘယ်လောက်ပါလဲဆို တာကိုကြည့်လေ့မရှိကြပါဘူး။
အိုကေ .. ဒီတော့ အဲဒီ Build in memory ပေါ်မှာ ROM တင်ထားတာဖြစ်တယ်ဆိုတာသိရင်
ဖုန်း ဘာကြောင့်လေးရလဲဆိုတာကိုအလွယ်ပြောလို့ရပါပြီ ၊ အဲဒီ Build in memory ပြည့်လု နီးနီးဖြစ်သွားတာ (သို့) အဲဒီထဲက File တွေ ရုပ်ထွေးနေတာလို့ပြောရင်ရပါပြီ ၊ ဥပမာ Build in memory 1GB ပါတဲ့ ဖုန်းကိုဝယ်လိုက်တယ်ဆိုပါစို့ ၊ တင်ထားတဲ့ ROM ကတ၀က်ေ ကျာ်ကျော်လောက် ကိုကျိမ်းသေနေ ရာယူပါ တယ် ၊ ပြောရရင် ဖုန်းရဲ့Build in memory က ၀ယ်ကတည်းက တ၀က်ကျော်ကျော်သုံးထားပြီးသားဖြစ်ပါ တယ်။ အဲဒီနောက်မှာ ဆက်ပြီး သုံးမယ်ဆိုပြည့်ပြည့်သွားခြင်း ရုပ်ထွေးခြင်းတွေဖြစ်သွားတဲ့အတွက် ဖုန်းတွေလေးလံနှေးကွေးရခြင်းဖြစ်ပါတယ်။
နောက်ထပ်ဖြစ်လာမဲ့ မေးခွန်းတစ်ခုကတော့ ဘာကြောင့် Built in memory ကပြည့်သွားရတာလဲ ဆို တာပါ ... ဒါကတော့ အမျိုးမျိုးဖြစ်နိုင်ပေမဲ့ အကြမ်းဖြင့်အားဖြင့်အောက်ပါအချက် များကြောင့် အဖြစ် များလေ့ရှိပါတယ် -
၁)
Application တွေခဏခဏတင်ခြင်း၊ ဖျက်ခြင်းBuilt in memory ထဲမှာ သိုလှောင်ထားတဲ့ အပိုင်းမှာ App တွေတင်ရင်ကိုယ်မသိလိုက်ဘဲအလိုလျောက်နောက်ကွယ် Build in memory ထဲမှာ Data File တွေဖွင့် သွားတတ်ပါတယ်။ တစ်ချို့ App တွေဆိုရင် Uninstall ပြန်လုပ်ပေမယ်လည်းဆက်ပြီးတော့ Data တွေ ကျန်ခဲ့တာမျိုးရှိပါတယ်။ (SD Card ထဲကို Install လုပ်ထားတဲ့ App တွေဆိုရင်တော့ ပြသနာရှိမှာ မဟုတ်ပါဘူး)
၂) Game ဆော့များခြင်း
ကိုယ်ရဲ့ဆော့လက်စဂိမ်းတွေက ဘယ်အခန်းရောက်ပြီ၊ ဘယ်အချိန်ကနောက်ဆုံးဆော့ထားတာစတဲ့ အချက် အလက်တွေကို ဘယ်နေရာမှာသိမ်းထားတယ်ထင်လဲ ?? စဉ်းစားကြည့်လိုက်ပါ Game တစ်ခုကို ထည့်ရင်1MB ရှိတယ်ဆိုပါစို့၊ ဒါဟာ လုံးဝမဆော့ရသေးခင်အချိန်မှာပါ ၊ ဆော့ပြီးသွားရင်တော့ ဆော့လက် စ အခန်းတွေ ပုံတွေဒါတွေကိုသက်သက်သိမ်းထားရတဲ့ Data File တွေထပ်တိုးလာပါ တယ်။ ဒါကြောင့် Built in memory မှာပိုများပြီးကျပ်ညပ်လာတတ်တာမျိုးလဲဖြစ်တတ်ပါတယ်။
၃) SD Card မသုံးခြင်း
အပေါ်ကအချက်တွေကိုဖြေရှင်းမဲ့နည်းကတော့ SD Card သုံးထားရင်သက်သာစေပါတယ် ၊ မိမိဆော့တဲ့ Game File တွေ တင်ထားတဲ့ Appေ တွစသည့် Data တွေကို SD Card ထဲမှာရွေ့ပြီးသိမ်းလိုက်မယ်ဆိုရင် Built in memory အသုံးပြုခြင်းလျော့နည်းစေမှာဖြစ်ပါတယ်။ ဒါမဲ့တစ်ချို့ App တွေဟာ Built in memory ကလွဲရင် SD Card ထဲကို ရွေ့ပြောင်းခြင်းခွင့်မပြုပါဘူး၊
ဒါကြောင့် အတိုချုံ့းပြီးပြောရရင် .. SD Card ထဲကို App တွေ Gameေ တွကိုစကတည်း Install လုပ်ထားသင့်ပါတယ်။
ဒီတော့ နောက်ဆုံးအဲလိုဖြစ်လာပြီ လေးလာပြီနှေးလာပြီဆိုရင်မိမိဖုန်းကိုဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိက အချက်ပါ .................
၁)အဲလိုလေးလံလာရင် မိမိဖုန်းရဲ့ Build in memory ဘယ်လောက်ကျန်သေးလဲဆိုတာကိုအရင် ၀င်စစ်ကြည့်ပါ .. App ထဲမှာ MB အများဆုံးတွေကို Clear Cache လုပ်ပါ
၂) တစ်ခုခြင်းရှင်းတာတောင်းမရတော့ဘူးဆိုရင်တော့ နောက်ဆုံးဘာလုပ်လို့ရနိုင်မလဲ ဆိုတာ ကရိုးရှင်းပါတယ် Factory Restart ချလိုက်ရုံပါပဲ ... Setting ထဲက Backup & Reset အောက် မှာဝင်ပြီး Factory data reset ချလိုက်ရင်ဖုန်းက ၀ယ်လာတဲ့အတိုင်းပြန်ဖြစ်သွားပြီး Built in memory ထဲက Data တွေအကုန်ရှင်းသွားပါလိမ့်မယ် ... ဒါမဲ့ ကြိုတင်သိထားရမှာက တင်ထား သမျှဂိမ်းတွေနဲ့ App တွေ Contact List တွေ SD Card ထဲကမဟုတ်တာမှန်သမျှအကုန် ကုန်ပါလိမ့်မယ် ...
ဒီလိုမကုန်အောင်ဘယ်လို Backup ဆွဲထားမလဲ ဆိုတာကတော့မိမိအိမ်မှာ Computer နဲ့ဆိုရင်တော့ ပိုပြီး အဆင်ပြေနိုင်ပေမဲ့ဖုန်းထဲမှာတော့ ခက်ခဲပါလိမ့်မယ် .. လုပ်ဆောင်ရမှာက ရှိသမျှ လိုသမျှတွေ Backup ဆွဲမယ် ပြီးရင် Factory data reset ချမယ် ပြီးရင် Backup လုပ်ထားတဲ့ဟာတွေကို Restore ပြန်ခေါ်လိုက် ရင်အဆင်ပြေပါပြီ ..
mr.phyo မှပြန်လည်မျှဝေသည်။.
အဆင်ပြေနိုင်ကြပါစေ
Read more ...
Friday, May 1, 2015
မင်္ဂလာပါဗျား.....
Android Ph/Tablets ကိုင်​​ဆောင်​တဲ့ သူငယ်​ချင်းများအတွက်
ဖုန်းထဲက​နေ ​ဒေါင်းချင်​တာ​ဒေါင်​ယူနိုင်​ဖို့အတွက်
Advanced Downlod Manager Pro ​လေးကို
မျှ​ဝေ​ပေးလိုက်​ပါတယ်​......
ဒေါင်းလုပ်​ဆွဲ​နေစဉ်​ လိုင်းမ​ကောင်းရင်​လည်း ပြသနာမရှိပါဘူး
ခဏရပ်​ထားလို့ ရပါတယ်​...
လိုင်း​ကောင်းတဲ့အခါ ​ဒေါင်းလုပ်​ပြန်​ဆွဲရုံဘဲ မူလရှိ​နေတဲ့​နေရာကဘဲပြန်​လာပါတယ်
ဖိုင်​ဆိုဒ်​ကြီးကြီး ဆွဲတဲ့ သူငယ်​ချင်း​တွေ အဆင်​​ပြေတာ​ပေါ့....
Google Play Store မှာ ပိုက်​ပိုက်​​ပေးဝယ်​ယူရတဲ့ App ​လေးပါ....
အောက်​ကလင့်​ခ်​မှာ free ​ဒေါင်းယူနိုင်​ပါတယ်​ဗျား.......
 Download Here 
အဆင်​​ပြေပါ​စေဗျား....၊၊
Posted By ​မောင်​သုည
Read more ...